Tuesday, April 22, 2014

Huawei Y210 Wifi Error ဖြေရှင်းနည်း

ကျွန်တော်ကိုယ်တိုင် စမ်းသပ်ပြီးသားပါ။ အရင်တုန်းက ကျွန်တော်ဆီမှာ Wifi error 
တက်လို့လာပြရင် firmware ပြန်တင်ပေးလိုက်တယ်။ အခုတော့ ဒီလိုလုပ်စရာမလိုတော့ဘူးဗျ။
Y210 boot changer လေးနဲ့ လုပ်တာ တော်တော်အဆင်ပြေသွားတယ်။
Huawei Y210 ကို root လုပ်လိုက်လို့ Wifi error တက်နေသူများအတွက် ကျွန်တော်ဒါလေးကိုMMSDမှာတွေ့လို့တင်ပေးလိုက်ပါတယ်......
လိုအပ်သူများအောက်ကလင့်မှာဒေါင်းနိုင်ပါပြီဗျာ.....

ကဲဒေါင်းပြီးရင်တော့ ဖုန်းကိုပါဝါပိတ်လိုက်ပါ...
Volume Down + Power နဲ့ fastboot mode ဝင်ပါ..
ပြီးရင်တော့ program က အောက်ကစာကြောင်း
Y210T Stock Boot Changer လေးကိုနှိပ်လိုက်ပါ။
CMD box လေးကျလာပါလိမ့်မယ်
Press any key to continue..ပေါ်လာရင်Enter၂ချက်၃ချက်လောက် ခေါက်လိုက်ပါ။ 
Driver သိရင်သူဘာသာသူဆက်လုပ်သွားပါလိမ့်မယ်။
ပြီးသွားရင်တော့ဖုန်းက reboot ဖြစ်သွားပြီးပြန်တက်လာရင်
Wifi ပြန်ရသွားပါလိမ့်မယ်။

No comments:

Post a Comment