Friday, January 24, 2014

Huawei U9500 ကို root ကြမယ်ဗျာ….

http://pdadb.net/img/huawei_ascend_d_5.jpg

root ပဲ root နိုင်လွန်းတယ်ဗျာ… ဒီတစ်ခါလည်း လာပြန်ပြီ..အဟဲ ဘယ်တတ်နိုင်မလဲဗျာနော့ လာတော့လည်း root ရတာပေါ့…
အရင်ဆုံးအောက်ကဖိုင်လေး ကို ဒေါင်းလိုက်ဗျာ…


root tool for U9500

rar password : saikhinetint
ထုံးစံအတိုင်း unknown sources နဲ့ usb debugging ကို အမှန်ခြစ်ထားပေးပါ…..
driver တော့တင်ထားပေးပေါ့ဗျာ….
ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပြီးရင် ခနကဆွဲထားတဲ့ tool လေးကို ကွန်ပြူတာ ပေါ်မှာ run ပေးလိုက်ပါ
အောက်က ပုံလိုမျိုးပေါ်လာပါလိမ့်မယ်…
http://i50.tinypic.com/2en9ulx.png
အဲမှာ root ဆိုတာလေးကိုပဲ နှိပ်ပေးလိုက်ပါ..ကျန်တာ ဘာမှ မနှိပ်ပါနဲ့…
root ဆိုတာကို နှိပ်ပြီးသွားရင် ခနစောင့်လိုက်ပါ….
root tool လေးပျောက်သွားတဲ့ အထိစောင့်နေလိုက်ပါ…
root tool လေး ပျောက်သွားရင် ဖုန်းလည်း reboot ကျသွားပါလိမ့်မယ်…
မကျရင်လည်း ကိုယ့်ဘာသာကိုယ် reboot လုပ်ပေးလိုက်ပါ…
boot ပြန်တက်လာတဲ့ အချိန် ကျွန်တော်တို့ရဲ့ superuser ကြီး ပေါ်နေပါလိမ့်မယ်…
ဒါဆိုရင်တော့ root လုပ်တာအောင်မြင်စွာပြီးဆုံးသွားပါပြီ…..
အားလုံးပဲအဆင်ပြေကြပါစေဗျာ………
စိုင်းခိုင်တင့် (mrprincez.mmcyber@gmail.com)
လူကြီးမင်းတို့ရဲ့ ဝေဖန်အကြံပြုချက်တွေက ကျွန်တော်တို့ ရှေ့ဆက်ရမယ့် မနက်ဖြန်တွေအတွက် အားဆေးတစ်ခွက်ပါ……….

No comments:

Post a Comment